Interview with Cyber Security Talent: Thu Ya



1. ညီရဲ့ အကြောင်းလေး ပြောပါဦး။

ကျွန်တော်သူရပါ။ ကျွန်တော် Cybersecurity ပိုင်းကို ၂၀၁၀ လောက်တုန်းက စဝင်ခဲ့ပါတယ်။ 2010 လောက်တုန်းက Network Security နဲ့ Microsoft AD Security ပိုင်းကို အဓိကထားလုပ်ခဲ့ပါတယ်။ 2015 မှာ မြန်မာကနေ ပထမဆုံး နိုင်ငံတော်က စီစဉ်ပေးတဲ့ CTF ကို Indonesia မှာသွားပြိုင်ခဲ့ပါတယ်။ ကျွန်တော် Telecom လောကမှာ Security ပိုင်းနဲ့ ၅ နှစ်လောက်လုပ်ခဲ့ပါတယ်။ Company အမျိုးမျိုးမှာ Position အမျိုးမျိုးနဲ့လုပ်ခဲ့ပါတယ်။ Security Engineer ကနေ Cyber Security Department Head အထိ ကြားထဲက position အမျိုးမျိုးနဲ့ တစ်ဆင့်ချင်းလုပ်ခဲ့ပါတယ်။





2. ဘာကြောင့် Cyber Security ကို စိတ်ဝင်စားဖြစ်သွားတာလဲ?

2010 လောက်မှာ MICT Park မှာလုပ်လေ့ရှိတဲ့ IT related seminar တွေ သွားနားထောင်ဖြစ်ပါတယ်။ အဲ့တုန်းက Virus/Malware တွေ Network Security related topic တွေ နားထာင်မိပြီး စိတ်ဝင်စားသွားတာပါ။ အဲ့အချိန်တုန်းကတော့ လေ့လာရတာခက်ခဲပါတယ်။ Resource တွေလဲ သိပ်မရှိသလောက်ပါဘဲ။ YEHG ဝက်ဆိုဒ်ကိုလဲ တောက်လျှောက်ကြည့်ဖြစ်ပါတယ်။ 



3. ဂုဏ်ယူရတဲ့  အောင်မြင်မှုတွေရှိရင် ပြောပါဦး။

အသက် ၂၄ နှစ်မှာ ရန်ကုန်မှာ လစာတော်တော်ကောင်းကောင်းနဲ့ Telcom company တစ်ခုမှာ CyberSecurity Department Head ဖြစ်သွားတဲ့အချိန်ပါပဲ။ အဲ့တာကြောင့် မိသားစုရဲ့ Generational Poverty Line ကိုလဲ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ CTF (1st Runner up - Asian Cybe Seagame - National Level, Second Winner - CyberRange 2019) တွေနိုင်ပြီး ဆုငွေတွေရတဲ့အချိန်မှာလဲ ဂုဏ်ယူပါတယ်။



4. နောင်အနာဂတ်မှာ  ဘယ်လို စိတ်ကူး အိမ်မှတ်တွေ  ရှိလဲ?

Technical ပိုင်းကိုဘဲ ဇောက်ချလုပ်သွားမယ်လို့ စဉ်းစားထားပါတယ်။ Cloud Security ပိုင်းကို လုပ်သွားပါမယ်။ စိတ်ဝင်စားဖို့ကောင်းလို့ပါ။။





5.  Cyber Security စိတ်ဝင်စားတဲ့ လူငယ်လေးတွေကို ဘာများ စကားလက်ဆောင်ပါးချင်ပါသလဲ?

Cyber Security ပိုင်းက အရမ်းကို ကောင်းမွန်တဲ့ Career ဖြစ်ပါတယ်။ 
ကျွန်တော် အချက်၂ ချက်ပြောပြချင်ပါတယ်။ 
တစ်ချက်က - Cyber Security ပိုင်းမှာ ကူညီမဲ့သူများပါတယ်။ Community ကအရမ်းကောင်းပါတယ်။ Resource Sharing တွေလဲ လုပ်ကြသလို Gate keeping လုပ်တဲ့သူတွေလဲ ရှားပါတယ်။ ကို့ကိုအမြဲကူညီမဲ့သူတွေ နေရာတိုင်းမှာရှိနေပါတယ်။ 
ဒုတိယ အချက်ကတော့ - Cyber Security ပိုင်းက တစ်ခြား Career တွေနဲ့ယှဉ်ရင် ပိုက်ဆံရှာလိုတော်တော်ကောင်းပါတယ်။ Cyber Security ပိုင်းမှာ အရာအားလုံးဟာ စျေးကြီးသလို Professional တွေအတွက် အမြဲ လစာက ကောင်းပြီးသားဖြစ်တယ်။ ကို့ဖာသာကို Freelance အနေနဲ့ Project တွေလုပ်မယ်ဆိုရင်လဲ ပိုက်ဆံ အများကြီးလွယ်လွယ်နဲ့ရှာနိုင်မယ်လို့ မြင်ပါတယ်။ 



6. ညီ့ကို အားကျတဲ့ လူငယ်လေးတွေက  ဘယ်လို Follow လုပ်လို့ ရမလဲ?

🌐  ကျွန်တော် Cyber Security ပိုင်းနဲ့ပက်သက်ပြီး  https://www.facebook.com/Hacktilizer ဆိုတဲ့ Facebook page လေးမှာ Vlog တွေ အားရင် ရှယ်ပေးပါတယ်။  

🌐  IT Career ပိုင်းနဲ့ ပက်သက်ပြီးတော့ လူငယ်တွေ အကျိုးရှိအောင် https://www.facebook.com/myanmarIThangout/
မှာ IT နဲ့ IT-Security နယ်ပယ်မှာ အောင်မြင်နေတဲ့သူတွေကို အင်တာဗျူးပြီးတင်ဆက်ပေးပါတယ်။

🌐 ကျွန်တော့်ကို Facebook ကဆက်သွယ်ချင်ရင်တော့  https://www.facebook.com/thuya.mg.77/ ကနေ ဆက်သွယ်လို့ရပါတယ်




Popular posts from this blog

CubeCart 3.0.20 (3.0.x) and lower | Multiple Cross Site Scripting Vulnerabilities

Open-Realty CMS 3.x | Persistent Cross Site Scripting (XSS) Vulnerability

OxWall 1.1.1 <= Multiple Cross Site Scripting Vulnerabilities (CVE-2012-0872)