Posts

Showing posts from May, 2021

Interview with Cyber Security Talent: Min Ko Ko

Image
    1. ညီရဲ့ အကြောင်းလေး ပြောပါဦး။ ကျွန်တော်နာမည်အရင်းက မင်းကိုကိုပါ။ ဒီ Computer နယ်ပယ်ထဲစဝင်တုန်းက cyberoot ဆိုတဲ့ nickname ကြောင့်အများကတော့ KoRoot လို့ခေါ်ကြပါတယ်။ Computer ကျောင်းပြီးပြီး ၂ နှစ်ကျော်မှ Computer နယ်ပယ်ထဲသေချာဝင်ဖြစ်ပါတယ်။ မှတ်မှတ်ရရတော့ အသက် ၂၅ (2012)ကစပြီး web developing စပြီးလေ့လာဖြစ်တယ် အဲလိုကနေပဲ security အပိုင်းဆက်ပြီးလေ့လာဖြစ်ပါတယ်။ 2019 လောက်ကစပြီး web developing ပိုင်းသိပ်မလုပ်တော့ပဲ security အပိုင်းသီးသန့်လေ့လာဖြစ်ပါတယ်။ လက်ရှိကတော့ Creatigon မှာ Cyber Security သင်တန်းတွေသင်နေပါတယ်။ အားတဲ့အချိန်တော့ စာဖတ်လိုက် စမ်းလိုက်ပါပဲ။ 2. ဘာကြောင့် Ethical Hacking ကို စိတ်ဝင်စားဖြစ်သွားတာလဲ?   Web security ပဲပေါ့. ဒါက ကျွန်တော်ရဲ့ ပထမဆုံး web development လုပ်ထားတဲ့အတွေ့အကြုံတွေကို ကောင်းကောင်းအသုံးချခွင့်ရတယ်။ web security သိထားတော့ bug bounty တွေပါလိုက်ရှာကြည့်တယ်။ exploit, CVE တွေလည်း ရှာကြည့်ပါသေးတယ်။ အမှန်တိုင်းပြောရင် web ကလေ့လာရတာနည်းနည်းတော့ပိုများသလိုပဲ ဒါပေမယ့် အမြဲလေ့လာနေရင်တော့အဆင်ပြေသွားပါတယ်။ အခုတော့ Pentesting ကိုပိုလုပ်ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်းကောင