Posts

Showing posts from April, 2023

Interview with Cyber Security Talent: Thu Ya

Image
1. ညီရဲ့ အကြောင်းလေး ပြောပါဦး။ ကျွန်တော်သူရပါ။ ကျွန်တော် Cybersecurity ပိုင်းကို ၂၀၁၀ လောက်တုန်းက စဝင်ခဲ့ပါတယ်။ 2010 လောက်တုန်းက Network Security နဲ့ Microsoft AD Security ပိုင်းကို အဓိကထားလုပ်ခဲ့ပါတယ်။ 2015 မှာ မြန်မာကနေ ပထမဆုံး နိုင်ငံတော်က စီစဉ်ပေးတဲ့ CTF ကို Indonesia မှာသွားပြိုင်ခဲ့ပါတယ်။ ကျွန်တော် Telecom လောကမှာ Security ပိုင်းနဲ့ ၅ နှစ်လောက်လုပ်ခဲ့ပါတယ်။ Company အမျိုးမျိုးမှာ Position အမျိုးမျိုးနဲ့လုပ်ခဲ့ပါတယ်။ Security Engineer ကနေ Cyber Security Department Head အထိ ကြားထဲက position အမျိုးမျိုးနဲ့ တစ်ဆင့်ချင်းလုပ်ခဲ့ပါတယ်။ 2. ဘာကြောင့် Cyber Security ကို စိတ်ဝင်စားဖြစ်သွားတာလဲ? 2010 လောက်မှာ MICT Park မှာလုပ်လေ့ရှိတဲ့ IT related seminar တွေ သွားနားထောင်ဖြစ်ပါတယ်။ အဲ့တုန်းက Virus/Malware တွေ Network Security related topic တွေ နားထာင်မိပြီး စိတ်ဝင်စားသွားတာပါ။ အဲ့အချိန်တုန်းကတော့ လေ့လာရတာခက်ခဲပါတယ်။ Resource တွေလဲ သိပ်မရှိသလောက်ပါဘဲ။ YEHG ဝက်ဆိုဒ်ကိုလဲ တောက်လျှောက်ကြည့်ဖြစ်ပါတယ်။  3. ဂုဏ်ယူရတဲ့  အောင်မြင်မှုတွေရှိရင် ပြောပါဦး။ အသက် ၂၄ နှစ်မှာ ရန်ကုန်မှာ လစာတော်တော်ကောင်